Our Story

မြန်မာ့ဂုဏ်ရည်ဆေးတိုက်ကို ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ သမားတော်ကြီးဦးအောင်မြင့်မှ တည်ထောင်ခဲ့ပါသည်။

သမားတော်ကြီးဦးအောင်မြင့်သည် အသက် နှစ်ဆယ်ကျော် အရွယ်မှစ၍ ဆေးပညာကို လေ့လာသင်ယူခဲ့၏။ 

(၁)မန္တလေးမြို့ ဦးကိတ္တိဇယ ဆရာတော်(အကောက်ဝန်မင်းတိုက်) 

(၂)သမားတော်ကြီးဦးသုတ( မဟော်သဓဆေးတိုက်)(၃)သမားတော်ကြီးဦးအုန်းရွှေ (တိုင်းရင်းဆေးကောင်စီဝင်)တို့ထံတွင် ဆေးပညာများကို စေ့ငုသေချာစွာသင်ယူခဲ့သည်။ ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ တိုင်းရင်းဆေးကဏ္ဍစတင်သောအချိန်တွင် မန္တလေးတိုင်းရင်းဆေးရုံကြီးမဖြစ်မီ မန္တလေးတိုင်းရင်းဆေးခန်း(၁) မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် တိုင်းရင်းဆေးဝါးစက်ရုံ(မန္တလေး) မှ အကြီးတန်းဆေးဝါးကျွမ်းကျင်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 

ဤဆေးတိုက်ကို ၁၉၇၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး အထွေထွေရောဂါများ စေတနာရှေ့ထားကုသပေးခဲ့သည်မှာ ယနေ့ထိ နှစ်ပေါင်း (၅၀) ကျော်ပင် ဖြစ်ပါသည်။ 

ထို့ပြင်

“တိုင်းရင်းဆေးခန်းသုံးဆေးနံပါတ်များ”

“မြန်မာ့ဂုဏ်ရည်ဆေးတိုက်၏ မူပိုင်ဆေးများ”

“သမားတော်ကြီးဦးအုန်းရွှေ၏ ဆေးများ”ကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

Explore The Stories

အဘိညာဉ်ဆေး
ဖေ့ဖေ့ဆေး
ကျောက်ကပ်ဆေး
ပိပ္ပလိကွန်ချာဆေး

မြန်မာ့ဂုဏ်ရည်

မြန်မာ့ဂုဏ်ရည်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှထုတ်လုပ်ထားသောဆေးများ

Shopping Cart