ပိပ္ပလိကွန်ချာဆေး

ဤဆေးကို  မန္တလေးမြို့ ဒါးတန်းရပ်သမားတော်ကြီး ဆရာဂျမ်းနှင့် အင်းဝ ဆရာမြကြီးတို့ထံမှ ရရှိခဲ့၍ မန္တ​လေးမြို့ သမားတော်ကြီး ဦးအုန်းရွှေမှ သင်ယူပြီး နှစ်ပေါင်းများစွာ လက်တွေ့ကုသအောင်မြင်ခဲ့ပါသည်။ ယခုအခါ မြန်မာ့ဂုဏ်ရည်ဆေးတိုက်၌ လက်တွေ့ကုသနေသော အစွမ်းထက်သည့် မြန်မာ့တိုင်ရင်းဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်။
ဆေးအာနိသင်
အစားမှား၊ ရေချိုးမှား၊ လေနာခြင်း၊ ရင်ကြောတင်းခြင်း၊ အအေးမိနှာစေးခြင်း၊ အခိုးငုတ်ခြင်း၊ ချမ်းဖျားချမ်းတုန်၊ ငှက်ဖျား၊ တုပ်ကွေးဖျားများ၊ ချောင်းဆိုး၊ရင်ကြပ်မောခြင်း၊ သလိပ်ကပ်၊ ပန်းနာများကို ရေနွေး (သို့) ကွမ်းရွက်ပြုတ်ရည် နှင့်သောက်သုံးနိုင်ပါသည်။ အဖျားရောဂါတို့တွင် နံနက်လျှာပွတ်ဆေးအဖြစ်လည်းကောင်း၊ ညနေ ၅ နာရီ အခိုးပွင့်ဆေး အဖြစ် တိုက်ကျွေးနိုင်ပါသည်။ ခံတွင်းမကောင်း၍ အစားအသောက်ပျက်လျှင် လျှာပွတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။  
တစ်ကြိမ်လျှင်  လူကြီး ဇွန်းငယ် (၁)ဇွန်း
                   
ကလေး ဇွန်းငယ်(၁/၂)ဇွန်း
ရေနွေးနှင့်သောက်ပါ
လူကြီး လူငယ် ကျားမမရွေး မှီဝဲသုံးစွဲနိုင်ပါသည်။
ဥပဒ္ဒဝေါများကို ကာကွယ်နိုင်ရန် ဝေဒနာရှင်တိုင်းနှင် သင့်လျော်၍ ဉာဏ်ရှိသလို အသုံးပြုနိုင်​သော ဆေးစွမ်းတစ်လက် ဖြစ်ပါသည်။ တစ်ဘူး – ၂၀၀၀ ကျပ် ဆေးကုသသော သမားတော်များ သုံးစွဲလိုပါက ပိဿာချိန်လိုသလောက်ရရှိနိုင်ပါသည်။
Shopping Cart