blogs

ကျောက်ကပ်ဆေး

ဤဆေးသည်  သမားတော်ကြီးဦးအောင်မြင့်၏ နှစ်ပေါင်း ၅၀ ကျော် လက်တွေ့ကုသအောင်မြင်နေသော ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပါတယ်။ ရဟန်းရှင်လူပြည်သူအများ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ရန် စေတနာမေတ္တာရှေ့ထား၍ ထုတ်လုပ်ဖြန့်ချီထားခြင်းဖြစ်တယ်။ ဆေးရဲ့ အကျိုးအာနိသင်လေးတွေကတော့….. -ကျောက်ကပ်အားနည်းခြင်း -ကျောက်ကပ်၊ဆီးအိမ်နှင့် ဆီးလမ်းကြောင်းတွင်ကျောက်တည်ခြင်း -ဆီးပူခြင်း၊ နီခြင်း၊ ဝါခြင်း ဆီးထဲသွေးပါခြင်း -ဆီးကျန်ခြင်း၊ ချုပ်ခြင်း၊ အောင့်ခြင်း၊ ကျဥ်ခြင်း၊ ဆီးထဲအနည်ပါခြင်း တို့ကိုသက်သာပျောက်ကင်းစေပါတယ်။ -ကျောက်ကပ်၊ ဆီးအိမ် နှင့် ဆီးလမ်းကြောင်းရောဂါအတွက် အထူးသင့်လျော်ကောင်းမွန်သော ဆေးစွမ်းကောင်းတစ်လက်ဖြစ်တယ်။ ***ပါဝင်​သောပစ္စည်း**** တရော် ၊အလိုကျူ၊ သံမနိုင်ကျောက်မနိုင် …သဘာဝဆေးဖက်ဝင်အပင်များကို အချိုးကျ ဖော်စပ်ထားသော တိုင်းရင်းဆေးစစ်စစ်ဖြစ်သောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါတယ်။ ••ဆေးအညွှန်း•••တစ်ကြိမ်လျှင်- လူကြီး  ၅ ပြား ၊ကလေး   ၂ ပြား ၊ —ရေအေးနှင့် […]

ကျောက်ကပ်ဆေး Read More »

ပိပ္ပလိကွန်ချာဆေး

ဤဆေးကို  မန္တလေးမြို့ ဒါးတန်းရပ်သမားတော်ကြီး ဆရာဂျမ်းနှင့် အင်းဝ ဆရာမြကြီးတို့ထံမှ ရရှိခဲ့၍ မန္တ​လေးမြို့ သမားတော်ကြီး ဦးအုန်းရွှေမှ သင်ယူပြီး နှစ်ပေါင်းများစွာ လက်တွေ့ကုသအောင်မြင်ခဲ့ပါသည်။ ယခုအခါ မြန်မာ့ဂုဏ်ရည်ဆေးတိုက်၌ လက်တွေ့ကုသနေသော အစွမ်းထက်သည့် မြန်မာ့တိုင်ရင်းဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်။ ဆေးအာနိသင် အစားမှား၊ ရေချိုးမှား၊ လေနာခြင်း၊ ရင်ကြောတင်းခြင်း၊ အအေးမိနှာစေးခြင်း၊ အခိုးငုတ်ခြင်း၊ ချမ်းဖျားချမ်းတုန်၊ ငှက်ဖျား၊ တုပ်ကွေးဖျားများ၊ ချောင်းဆိုး၊ရင်ကြပ်မောခြင်း၊ သလိပ်ကပ်၊ ပန်းနာများကို ရေနွေး (သို့) ကွမ်းရွက်ပြုတ်ရည် နှင့်သောက်သုံးနိုင်ပါသည်။ အဖျားရောဂါတို့တွင် နံနက်လျှာပွတ်ဆေးအဖြစ်လည်းကောင်း၊ ညနေ ၅ နာရီ အခိုးပွင့်ဆေး အဖြစ် တိုက်ကျွေးနိုင်ပါသည်။ ခံတွင်းမကောင်း၍ အစားအသောက်ပျက်လျှင် လျှာပွတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။   တစ်ကြိမ်လျှင်  လူကြီး ဇွန်းငယ် (၁)ဇွန်း                     ကလေး ဇွန်းငယ်(၁/၂)ဇွန်း

ပိပ္ပလိကွန်ချာဆေး Read More »

သွေးဆေး

ဤဆေးသည် မန္တလေးမြို့တိုင်းရင်းသမားတော်ကြီး ဦးအောင်မြင့်၏ လက်တွေ့ကုသအောင်မြင်နေသော ဆေး တစ်မျိုးဖြစ်ပါတယ်။ ၊ ဤဆေးတွင် -ဇာတိပ္ပိုလ်သီး၊လေညှင်း ၊ ကံကော်၊ ဝတ်ဆံ၊ နွယ်ချို၊ နံ့သာနီ၊ဒန္တကူးနီ စသော ဆေးပစ္စည်းများ ပါဝင်သော ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါသည်။ သုံးစွဲနိုင်သော ရောဂါ တွေက….. 🔸နှလုံးအားနည်းဿ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးတုန်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးဝေခြင်း၊ မောပန်းလွယ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ အိပ်မပျော်စားမဝင် စိတ်မကြည်လင်ခြင်း တို့အတွက် ရေအေးနှင့်သောက်ပါ။ 🔸အအေးမိခြင်း၊ ဇက်ကြောတက်ခြင်း၊ ခေါင်းအုံ ခေါင်းကိုက် ခေါင်းခဲခြင်းများ၊ ဖျားခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ရေနွေးနှင့်သောက်ပါ။ 🔸အမျိုးသမီးများ သွေးဆုံးချိန်တွင်ဖြစ်တတ်သော စိတ်ဓာတ်ကျလွယ်ခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်မြန်ခြင်းများကို ရေအေးနှင့်သောက်ပါ။ 🔸​​သွေးသည်းခြေဖောက်ပြန်ခြင်း အတွက် ရေနွေးနှင့်သောက်ပါ။ ဤဆေးကို နေ့စဥ်ပုံမှန်သုံးစွဲပါက စိတ်ကို ကြည်လင်လန်းဆန်းစေပြီး သွေးအားကောင်းစေပါသည်။ နှုတ်ကို ချိုမြိန်စားကောင်းစေ၍

သွေးဆေး Read More »

အသည်းဆေး

  ကျွန်ုပ်တို့ဆေးတိုက်တွင် ကုသမှုခံယူနေသော ရောဂါဝေဒနာရှင်များစွာကို လက်တွေ့ကုသအောင်မြင်လျက်ရှိသော ဆေးဖြစ်ပါသည်◾ဤဆေးသက်တမ်းသည် နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်၏။ ◾သခွတ်ရွက်၊ ပင်လယ်ကသစ်၊ ဆင်နှာမောင်း ဟူသော ဆေးပစ္စည်း (၃) မျိုးပါရှိ၍ တရိပတ္တအသည်းဆေးဟု အမည်တွင်၏။ ◾ဆေးအကျိုးအာနိသင်-အသည်းရောင်အသားဝါ၊ အသည်းခြောက်၊ အသည်းကြီး၊ အသည်းပြည်တည်နာနှင့် အသည်းရောဂါများအတွက် သင့်တော်သောဆေးဖြစ်ပါသည်။ -ဆီးကိုရွှင်စေပြီး အဆီလည်းကျစေနိုင်ပါသည်။——ဆေးအညွှန်း——- တစ်ကြိမ်လျှင်-  လူကြီး ၃-၅ ပြား ၊ကလေး   ၂-၃ ပြား —ရေနွေး နှင့် နံနက် ည သောက်ပါ။ တစ်နေ့တစ်ကြိမ်သောက်သုံးခြင်းဖြင့်လည်း အသည်းရောဂါကို ကြိုတင်ကာကွယ်နိုင်ပါသည်။ ☘ ဤဆေးနှင့် တွဲဖက်၍သောက်ရန် နတ်သစ်ရွက် ဆေးလက်ဖက်ခြောက် (သမားကိုင်) လည်းရှိပါတယ်ရှင့် —-ဆေးအညွှန်း—- ရေနွေး တစ်လီတာတွင် ဆေးလက်ဖက်ခြောက်☘ ထမင်းစားဇွန်း တစ်ဇွန်းထည့်၍ ရေနွေးကြမ်းသောက်သလို ☕ သောက်သုံးနိုင်ပါသည်။ ◾လိုအပ်လျှင် ရောဂါအကြောင်းဆွေးနွေး ကုသနိုင်ပါတယ်ရှင်

အသည်းဆေး Read More »

Shopping Cart